Pages

Labels

Powered by Blogger.

Tuesday, February 2, 2016

VPN ဆိုတာ ဘာလဲ


့     ကျွန်တော် သိထားသလို          Friend တွေထဲမှာ သိချင်တဲ့ သူတွေ ရှိနိုင်လို့ တခြားနေရာက
 ကူးယူဖော်ပြလိုက်ပါတယ် စာရေးသူကို
 လေးစားပါတယ် ကျွန်တော် အချိန်မရလို့ ကူးလိုက်ရတာပါ

VPN အသုံးပြုနည်းကို မပြောခင် … VPN ဆိုတာဘာလဲ … VPN ကို ဘာကြောင့်သုံးရတာလဲ … ဘာအတွက် သုံးတာလဲဆိုတာလေး နဲနဲပြောချင်ပါတယ်. ဗဟုသုတအနေနဲ့ပါ …..

VPN ဆိုတာ က Virtual Private Network ဟုဆိုလိုခြင်းဖြစ်ပါတယ် … Virtual Private Network ဆိုတာဘာလဲ ? VPN ဆိုတာ ကိုယ့်ကွန်ပြူတာ ကနေ ပို့လွှတ်လိုက်တဲ့
Data တွေကို အင်တတာနက်ထဲမှာ ကိုယ်ဘာလုပ်နေတယ် ဆိုတာ တစ်ခြားသူ တစ်ယောက် ( သို့မဟုတ် ) အဖွဲ့အစည်းတစ်ခုကနေ ကြားဖြတ်ဖမ်းယူ ကြည့်ရှုလို့ မရအောင် Data တွေကို VPN Server တွေကနေ Encrypt လုပ်ပစ်ပြီး အင်တာနက်ထဲမှာ ကိုယ့်ရဲ့ လှုပ်ရှားသွားလာမှုကို လုံခြုံစေအောင် စီမံခန့်ခွဲပေးပါတယ် – လုံခြုံမှု အဆင့်မြင့်မားတဲ့ VPN တွေမှာဆိုရင် ကိုယ် အင်တာနက်ထဲမှာ လည်ပတ်သွားလာတဲ့ browsing history တွေကိုတောင် Record လုပ်ထားတာမျိုး မရှိပါဘူး – ဒါ့ကြောင့် သဘောက ကျွန်တော်တို့မှာ IP addresses တွေရှိပြီး ISP နဲ့ ဆက်သွယ် လုပ်ကိုင်နေရတယ် ဆိုပေမယ့် VPN ရဲ့ ကာကွယ်ပေးထားမှုကြောင့် ကျွန်တော်တို့တွေက အင်တာနက်ထဲမှာ Anonymous user သဘောမျိုး ဖြစ်နေမှာပါ။

ဖုန်းမှာဘာလို့ VPN သုံးတာလဲဆိုတာကတော့ … Play store က Latest update တွေ လိုချင်လို့ရယ် … Play store မှ Games တွေ Application တွေကို ဝယ်ဖို့အတွက်ရယ်ကြောင့်ပါ … မြန်မာပြည်ကနေ Play store ကို ဝင်ရင် Free Application တွေလောက်ပဲ ဒေါင်းလုပ်လုပ်လို့ရမှာဖြစ်ပြီး … ပိုက်ဆံပေးရတဲ့ Application တွေ တခြားနိုင်ငံထုပ်တဲ့ Application တွေကို မြင်ရမှာမဟုတ်သလို မြင်ရလျှင်လဲ Loaction Error ကြောင့် Download လုပ်ပြီးအသုံးပြုနိုင်မှာမဟုတ်ပါဘူး … အခြားခြားအမျိုးမျိုးသော အကြောင်းပြချက်တွေနဲ့ VPN ကို အသုံးပြုလေ့ရှီပါတယ် … နောက်တစ်ခု လိုအပ်တာလေးတွေကို Freedom ခံပြီး သုံးဖို့ရယ် အတွက်ဆို သဘောပေါက်မယ်လို့ထင်ပါတယ် ….

Application APK တွေ အသုံးပြုပြီးမှ VPN အသုံးပြုလို့ရတာမဟုတ်ပါဘူးခဗျာ … Application တွေမပါပဲနဲ့လဲ VPN အသုံးပြုလို့ရပါတယ် … သိပြီးသားသူတွေလဲရှီမှာပါ … မသိသေးတဲ့ သူတွေအတွက် ရည်ရွယ်ပြီး ဖော်ပြလိုက်ပါတယ် …

For Android

၁။ Setting > More > VPN ကိုသွားပါ … Box တစ်ခုကြလာပြီး Password တစ်ခုပေးခိုင်းပါလိမ့်မည်။ OK နှိပ်ပါ … Parttern, PIN, Password, Gesture ထဲမှ တစ်ခုခုကိုရွေးချယ်ပြီး Password တစ်ခုတည်ဆောက်ပေးလိုက်ပါ … ထို Password သည် … LockScreen အထိသက်ရောက်ပါတယ် …

၂။ Password ပေးပြီးရင် VPN Main Page ကိုရောက် ရှိသွားပါပြီ။    VPN Main Page ရောက်သွားပေမဲ့ Server တစ်ခုမျှရှီသေးမည်မဟုတ်ပါ။ ကျနော်တို့
အသုံးပြုချင်တဲ့ နိုင်ငံကို Server ကို
လှမ်းချိတ်ဆက်မည်ဖြစ်ပါတယ် ….
ကျနော်က တော့US VPN server တစ်ခုကို
ချိတ်ဆက်ပြပါမယ်

ဤနည်းဖြင့် အခြားနိုင့်ငံVPN Server များ
ကို ချိတ်ဆက်ပြီး အသုံးပြုနိုင်ပါသည်။

၃။ VPN Main Page မှ အ ပေါ် ညာဘက်ထောင့်နားက အပေါင်းပုံကို တစ်ချက်နှိပ်ပါ …

၎။ Box တစ်ခုကြလာပါလိမ့်မည် … ပုံတွင်ပြထားသည့်အတိုင်းဖြည့်ပေးလိုက်ပါ … ပြီးရင်တော့ Save လုပ်ပေးလိုက်ပါ။

၅။ ထိုအခါ Server တစ်ခုကို ချိတ်ဆက်ဖို့အတွက် Virtual Private Network တစ်ခုကို မိမိ ကိုယ်တိုင် တည်ဆောက်လို့ပြီးပါပြီခဗျာ….

၆။ မိမိဖုန်းရဲ့ Mobile Data ကိုဖွင့်ပါ … ပြီးရင် ယခုမြင်တွေ့ရ သော VPNBook ကိုတစ်ချက် နှိပ်ပါ … ထိုအခါ …
Username နှင့် Password လာတောင်းပါ
လိမ့်မည် …
Username – vpnbook
Password –DewuwrA2ကိုဖြည့်ပေး
လိုက်ပါ … ပြီးရင် Save account information ကို On ပြီး Connect ကိုနှိပ်လိုက်ပါ …

၇။ စတင်ပြီး Server Connection ရရန် ချိတ်ဆက်နေပါလိမ့်မယ် …

၈။ ချိတ်ဆက်မီပြီဆိုပါက ပုံ၏
ဘယ်လက်အ အပေါ်တွင် သော့ပုံလေး
ပေါ်လာပါလိမ့်မည်။

၉။ ထိုအခါ Setting > Application > Google Play Store ကိုသွားပြီး Clear cache/ Clear Data/ Force stop သုံးခုလုံးကို နှိပ်ပေးလိုက်ပါ။ ပြီးပါက Play store ပြန်ဝင်ကြည့်ပါ …

ထိုအခါ US မှာ အသုံးပြုတဲ့အတိုင်း Play store မှာအသုံးပြုနိုင် ပါပြီ …. .




အထက်ကတိုင်းလုပ်ကြည့်လိုမရရင်   အောကာက်က Link မှာ apk ပေးထားပါတယ် အဲဒါကတော့ ကျွန်တော်ရှာထားတာပါ
apk ဖွင့်ပြီး power ပုံလေးနှိပ်ပြီး စမ်း ကြည့်ပါ မမရရင်မေးနိုင်ပါတယ်
ကျွန်တော်တင် သမျှ ဖတ်ချင်ရင် ကျွန်တော် page လေး like လုပ်ထား ကြပါ


                                       

                                          လို အပ်သူများ  ဒီမှာ Down ပါ






1 comments:

 

Shote.st Adv

face book မှာစောင့်ဖတ်ရန်

Blogger Tips and TricksLatest Tips For BloggersBlogger Tricks

Blogger news

St Ad

Shorte.st Ad

Chat Box

Blogroll

Advistment